Sony မှ PS5 Console Design ကို Game Titles အသစ်တွေနဲ့အတူကြေငြာလိုက်ပါပြီ!

Sony မှ PS5 Console Design ကို Game Titles အသစ်တွေနဲ့အတူကြေငြာလိုက်ပါပြီ!

ပြီးခဲ့တဲ့ ကြာသပတေးနေ့ က “Future of Gaming” event မှာ Sony က သူတို့ရဲ့ နောက်ဆုံးထွက်ရှိမယ့် Console ကို ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Characters တချို့ပြန်လည်ပါဝင်မယ့် Game Titles အသစ်တွေနဲ့ အသစ်စက်စက် Game Titlesတွေနဲ့အတူကြေငြာခဲ့ပါတယ်။ PS4 Best Selling Releases တွေထဲက လူတွေအကြိုက်တွေ့မှာကတော့ အသစ်တဖန်ဆက်လာမယ့် Spider-Man: Miles Morales နဲ့ Horizon: Forbidden West ပါပဲ။ 

အခု PS5 ကတော့ အဖြူရောင်အုပ်ထားပြီး အတွင်းမှာ မီးအပြာရောင်တွေရယ် အမဲရောင်အတွင်းသားရယ်နဲ့ ပုံဖော်ထားတာကြောင့် design ကအလွန်သပ်ရပ်လှပါတယ်။ PS4 ကို Sony ကဈေးကွက်ထဲချပေးခဲ့တာ ၇ နှစ်တောင်ရှိခဲ့ပြီဆိုတော့ next-gen console အသစ်ထွက်ရှိဖို့အချိန်ကောင်းလည်းဖြစ်ပြီလို့ထင်ပါတယ်။

အခု PS5 က version ၂မျိုးထွက်ရှိမှာဖြစ်ပါတယ် –  Standard Model နဲ့ ပိုပြီး Slim ဖြစ်ပြီး “Discless” ဖြစ်တဲ့ Design ပါ။ ပုံကိုမြင်ချင်ရင် အောက်မှာကြည့်လိုရပါတယ် –

Sony က controller charging station, media remote, Pulse 3D wireless headset, HD camera အစရှိတဲ့ displayed gear တွေကိုလည်းပြသခဲ့ပါတယ်။ လောလောဆယ်တော့ ဒီ gear တွေက တခါတည်း bundled အနေနဲ့ပါမှာလား optional အနေနဲ့ရွေးချယ်နိုင်မှာလားဆိုတာ မသိရသေးပါဘူး။ Sony ရဲ့ CEO Jim Ryan ကတော့ PS5 ရဲ့ ဈေးနှုန်းနဲ့ launch date ကိုမကြာခင်ကြေငြာသွားပါ့မယ်လို့ ပြောသွားပါတယ်။  

တဖန်ပြန်လာမယ့် Characters များ 

Source: PlayStation 

Sony က game ပေါင်း ၂ ဒါဇင်ကျော်ကိုကြေငြာခဲ့ပြီး ၉ ခုကသူတို့ကိုယ်ပိုင် game studios တွေကဖြစ်ပါတယ်။ ဒီအထဲမှာ PS4 မှာ နာမည်ကြီးခဲ့တဲ့ Spider-Man game ကိုထုတ်လုပ်ပေးခဲ့တဲ့ Insomniac Games ရဲ့ game အသစ်လည်းပါပါတယ်။ သူတို့ရဲ့ အခုအသစ်ထွက်ရှိလာမယ့် Spider-Man game အသစ်ကတော့ PS4 game ရဲ့အဆက်ဖြစ်ပြီး Peter Parker မဟုတ်ပဲ Afro-Latino လူငယ်ဖြစ်တဲ့ Miles Morales ကိုဇာတ်အိမ်တည်ထားမှာဖြစ်ပါတယ်။

ပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ Character တချို့တွေလည်း နောက်ဆက်တွေ ဂိမ်းတွေထွက်ရှိမှာဖြစ်ပါတယ်။ Horizon: Zero Dawn ရဲ့ Main Character ဖြစ်တဲ့ Aloy က post-dystopian America မှာသူ့ရဲ့ခရီးကို Horizon: Forbidden West မှာဆက်သွားမှာဖြစ်ပါတယ်။ International ကြေးစားလူသတ်သမားဖြစ်တဲ့ Agent 47 ကတော့ IO Interactive Stealth Series ဖြစ်တဲ့ Hitman 3 မှာပြလည်ပါဝင်မှာဖြစ်ပြီး ဒီ trilogy ကို ဒီ game မှာအဆုံးသတ်မှာဖြစ်ပါတယ်။ 

PlayStation Character တွေဖြစ်တဲ့ Ratchet and Clank (Ratchet and Clank: Rift Apartနဲ့ Sackboy (Sackboy: A Big Adventureတို့ကလည်း surprise return တွေလုပ်လာပါတယ်။ အခုပြောခဲ့တဲ့ PS5 exclusives တွေအပြင် တခြားGameအလန်းစားတွေလည်း ထပ်ပြီးထွက်ရှိအုန်းမှာဖြစ်လို့ PS5 ရဲ့ gaming experience ကတော့ မတူထူးခြားအုန်းမှာအမှန်ပါပဲ။ 

Wallet Codes blog မှာနောက်ဆုံးထွက်ရှိတဲ့ Gaming Updates နဲ့ Tips ကိုပိုမိုကြည့်ရှုနိုင်ပါတယ် 


Related Articles

Death’s Gambit- Midweek Madness 30% off

Save 30% on Death’s Gambit during this week’s Midweek Madness*! *Offer ends Friday at 10AM Pacific Time ABOUT

Battlegrounds’ hopes to challenge ‘Fortnite’ with ‘PUBG Lite’

PUBG Lite, the slimmed-down, free-to-play version of PlayerUnknown’s Battlegrounds that will look to challenge Fortnite at the top of

Top-Notch Steam-Powered Games Of 2018 | See You At The Kuala Lumpur Major!

Gaming trends of the present age are taking the world by storm. From Mario to Dota

No comments

Write a comment
No Comments Yet! You can be first to comment this post!

Only registered users can comment.

Translate »